အမေးများသောမေးခွန်းများ

ပိုမိုကောင်းမွန်သော နေ့ရက်များဆီသို့

၁။ "Better" ဆိုတာ ဘာလဲ။

"Better" ဆိုသည်မှာ မိတ်ဖက်ကုမ္ပဏီများမှ ဝန်ထမ်းများအပြင် Better တွင်လျှောက်ထားရန် အရည်အချင်းပြည့်မီသော Grab မိတ်ဖက်ယာဉ်မောင်းများ၊ ရွေးချယ်ထားသော Wave Agents များ၊ Yoma Car Share အဖွဲ့ဝင်များနှင့် Yoma ဝန်ထမ်းများမှ ထောက်ခံပေးသူများအတွက် ပြုလုပ်ပေးထားသော ငှားရမ်းဝယ်ယူမှုအစီအစဉ် တစ်ခုဖြစ်ပါသည်။ အသုံးပြုသူများအနေဖြင့် အမျိုးအစားစုံလင်သော စမတ်ဖုန်း၊ တက်ဘလက်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို သတ်မှတ်ကာလတစ်ခုအတွင်း လစဉ် ပြန်ဆပ်ပမာဏများပေးသွင်းရုံဖြင့် ဝယ်ယူပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

၂။ "Better" တွင် မည်သည့် ပစ္စည်းများနှင့် ဝန်ဆောင်မှုများရရှိပါသနည်း။

"Better" တွင် အမျိုးအစားစုံလင်လှသော အီလက်ထရွန်နစ်ပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ကို ငှားရမ်းဝယ်ယူရရှိနိုင်ပါသည်။

၃။ "Better" ကို မည်သူတို့ အသုံးပြုနိုင်ပါသနည်း။

Better မှ ငှားရမ်းဝယ်ယူသည့်အစီအစဥ်ကို သွားရောက်မိတ်ဆက်ထားသော ကုမ္ပဏီများမှ ဝန်ထမ်းများ၊ Better ငှားရမ်းဝယ်ယူခြင်း အစီအစဥ်ကို အသုံးပြုရန်အကျုံး၀င်သော Yoma Car Share အဖွဲ့ဝင်များ၊ Wave Agent များ၊ WavePay အတည်ပြုအသုံးပြုသူများ၊ Grab မိတ်ဖက်ယာဥ်မောင်းများနှင့် Yoma ဝန်ထမ်းများမှ ထောက်ခံပေးသူများကို SMS (စာတို) ပေးပို့ခြင်းဖြင့် အကြောင်းကြားမည်ဖြစ်ပြီး SMS ရရှိထားသူများသည် "Better" တွင် လျှောက်ထားနိုင်ပါသည်။

၄။ "Better" တွင် ပစ္စည်းတစ်ခုထက်ပို၍ မှာယူနိုင်ပါသလား။

မှာယူမှုများအား တစ်ကြိမ်ထဲတွင် မပြုလုပ်နိုင်ပါ။ ပစ္စည်းတစ်ခုထက် မှာယူလိုပါက မှာယူလိုသော ပစ္စည်းအရေအတွက်အလိုက် မှာယူမှုတစ်ခုချင်းစီ ပြုလုပ်ရမည်ဖြစ်သည်။

၅။ ငှားရမ်းကာလများမှာ မည်သို့ရှိမည်နည်း။

ငှားရမ်းကာလမှာ (၃) လ၊ (၆) လ၊ (၉) လ နှင့် (၁၂) လ အထိရှိပြီး မိမိနှင့် အဆင်ပြေဆုံး ပြန်လည်ပေးဆပ်နိုင်မည့် ကာလကို ရွေးချယ်နိုင်ပါသည်။ (အသုံးပြုသူ အမျိုးအစားပေါ် မူတည်၍ ရွေးချယ်နိုင်သော ကာလများ ပြောင်းလဲနိုင်ပါသည်။)

၆။ ဝန်ဆောင်ခနှုန်းထားများရှိပါသလား။

ဝန်ဆောင်ခနှုန်းထားရှိပါသည်။ ဝန်ဆောင်ခနှုန်းထားအား ပစ္စည်းရွေးချယ်သည့် စာမျက်နှာတွင် စစ်ဆေးကြည့်ရှုနိုင်ပါသည်။ ဝန်ဆောင်ခအား ပစ္စည်းသွားရောက်မထုတ်ယူမီ (သို့မဟုတ်) လက်ခံမရရှိမီတွင် WavePay အတည်ပြုထားသော အကောင့်မှတဆင့် ပေးချေရမည်ဖြစ်ပြီး ပြန်အမ်းငွေအဖြစ် မရရှိနိုင်ပါ။

၇။ "Better" တွင် လျှောက်ထားရန်အတွက် ကနဦးပမာဏသည် မဖြစ်မနေပေးသွင်းရန် လိုအပ်ပါသလား။

ကနဦးပမာဏ ပေးသွင်းရန် မဖြစ်မနေလိုအပ်ပါသည်။ ကနဦးပမာဏအား ငှားရမ်းဝယ်ယူသည့် ပစ္စည်း၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း (အသုံးပြုသူအမျိုးအစားအပေါ်မူတည်၍) မှ အများဆုံး ၇၀ ရာခိုင်နှုန်းထိ ပေးချေနိုင်မည်ဖြစ်သည်။

၈။ "Better" တွင် မည်သို့ စာရင်းသွင်းနိုင်သနည်း။

• သင်၏ WavePay အတည်ပြုထားသော ဖုန်းနံပါတ်ဖြင့် အကောင့်အား စာရင်းသွင်းပါ။ • စကားဝှက်ဖြည့်သွင်း၍ "စာရင်းသွင်းမည်"ကို နှိပ်၍ OTP တောင်းခံပါ။ • OTP ကိုဖြည့်သွင်း၍ အကောင့်စာရင်းသွင်းပါ။ • ထို့နောက် အသုံးပြုသူအမျိုးအစားကို ရွေးချယ်ပါ။ • သင်သည် Yoma Car Share အဖွဲ့ဝင်၊ Wave Agent၊ Grab မိတ်ဖက်ယာဥ်မောင်းနှင့် Yoma ဝန်ထမ်းမှ ထောက်ခံပေးသူဖြစ်ပါက မှာယူမှုများပြုလုပ်နိုင်ရန် အမည်၊ မှတ်ပုံတင်အမှတ်၊ မွေးသက္ကရာဇ်၊ အီးမေးလ် (ရှိပါက) နှင့် ဂဏန်း (၆) လုံးပါ စကားဝှက် တို့ကို ဖြည့်သွင်း၍ အကောင့်အဆင့်မြှင့်တင်ပါ။

၉။ အကောင့်စာရင်းသွင်းခြင်း အောင်မြင်ကြောင်း မည်သို့သိရှိနိုင်ပါသလဲ။

ကျွန်ုပ်တို့သည် အချက်အလက်ပြည့်စုံသော သင်၏အကောင့်စာရင်းသွင်းခြင်းအား စစ်ဆေးပြီးသည်နှင့် မိနစ်၃၀အတွင်း စာရင်းသွင်းခြင်း အောင်မြင်ခြင်း ရှိ/မရှိကို SMS (စာတို)မှတဆင့် အသိပေးသွားမည်ဖြစ်သည်။

၁၀။ "Better" တွင် လျှောက်ထားရန်အတွက် မည်သည့်စာရွက်စာတမ်းများလိုအပ်ပါသလဲ။ (Better တွင် မိတ်ဆက်ထားသော ကုမ္ပဏီအဖွဲ့စည်းများမှ ဝန်ထမ်းများအတွက်)

• လက်ရှိနေရပ်လိပ်စာ • မှတ်ပုံတင် ရှေ့/နောက် • မှတ်ပုံတင်နှင့်အတူမိမိကိုယ်ကို ကြည်လင်ပြတ်သားစွာရိုက်ထားသောပုံ • အိမ်ထောင်စုစာရင်း • နေရပ်လိပ်စာအထောက်အထား • ကုမ္ပဏီအမည် • ရာထူး • လုပ်သက် (၆လနှင့်အထက်ရှိရမည်)

၁၁။ Grab Taxi Driver များအတွက်

• လက်ရှိနေရပ်လိပ်စာ • မှတ်ပုံတင် ရှေ့/နောက် • မှတ်ပုံတင်နှင့်အတူမိမိကိုယ်ကို ကြည်လင်ပြတ်သားစွာရိုက်ထားသောပုံ • အိမ်ထောင်စုစာရင်း • နေရပ်လိပ်စာအထောက်အထား

၁၂။ Wave Agent / Yoma Car Share Member / Yoma Referral / Wave Verified User

• လက်ရှိနေရပ်လိပ်စာ • မှတ်ပုံတင် ရှေ့/နောက် • မှတ်ပုံတင်နှင့်အတူမိမိကိုယ်ကို ကြည်လင်ပြတ်သားစွာရိုက်ထားသောပုံ • အိမ်ထောင်စုစာရင်း • နေရပ်လိပ်စာအထောက်အထား • ၃လစာဘဏ်စာရင်းရှင်းတမ်း (ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပါက) • လုပ်ငန်းအမည် (ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပါက) • လုပ်ငန်းအမျိုးအစား (ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပါက) • လုပ်ငန်းသက်တမ်း (ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ပါက) • ကုမ္ပဏီအမည် (ဝန်ထမ်းဖြစ်ပါက) • ရာထူး (ဝန်ထမ်းဖြစ်ပါက) • လုပ်သက် (၆လနှင့်အထက်ရှိရမည်) (ဝန်ထမ်းဖြစ်ပါက)

၁၃။ ID-Selfie ဆိုတာဘာလဲ။

ID-Selfie သည် နိုင်ငံသားမှတ်ပုံတင်အမှတ်/နိုင်ငံကူးလက်မှတ်အား သင်၏ မျက်နှာအနီးတွင်ထား၍ မိမိကိုယ်တိုင်ရိုက်ထားသော selfie ပုံကိုဆိုလိုသည်။ ပုံထဲရှိ နိုင်ငံသားမှတ်ပုံတင်အမှတ်/ နိုင်ငံကူးလက်မှတ် ပေါ်တွင်ရှိသော အချက်အလက်များသည် ကြည်လင်ပြတ်သားစွာ မြင်နိုင်ရမည်ဖြစ်သည်။ ID Selfie ဆိုသည်မှာ သင်၏ မျက်နှာနှင့် တရားဝင်စာရွက်အထောက်အထား (မှတ်ပုံတင် (သို့) ပတ်စ်ပို့ (သို့) စမတ်ကတ်)ပေါ်ရှိ အချက်အလက်များ အားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရမည့် ဆဲလ်ဖီဓာတ်ပုံဖြစ်ပါသည်။

၁၄။ နေထိုင်ကြောင်းအထောက်အထား/နေရပ်လိပ်စာအထောက်အထား ဆိုတာ ဘာလဲ။

နေရပ်လိပ်စာ အထောက်အထားဆိုသည်မှာ သင်၏ အမြဲတမ်းနေထိုင်ရာလိပ်စာ ပါဝင်သော ပြေစာကိုဆိုလိုသည်။ ဥပမာအားဖြင့် အင်တာနက်ဘေစာရွက်၊ အိမ်အငှားစာချုပ်၊ လိပ်စာပါရှိသော ဘဏ်စာအုပ်၏ ပထမစာမျက်နှာ ၊ လိပ်စာပါရှိသော ဘဏ်စာရင်းရှင်းတမ်း သို့မဟုတ် မီတာစာရွက် ကိုဆိုလိုသည်။ နေထိုင်ကြောင်းအထောက်အထားဆိုသည်မှာ သင်၏ လက်ရှိနေရပ်လိပ်စာ ပါရှိသော မကြာသေးမီက ထုတ်ပေးထားသည့် တရားဝင်စာရွက်စာတမ်းဖြစ်ပြီး ဥပမာ - မီတာဘေလ်၊ ဘဏ်စာအုပ်အရှေ့စာမျက်နှာ သို့မဟုတ် တိုက်ခန်း/အိမ် အငှားစာချုပ်တို့ ဖြစ်သည်။

၁၅။ လက်မှတ်ထိုးထားသော စာချုပ်ဆိုတာဘာလဲ။

လက်မှတ်ထိုးထားသော စာချုပ်သည် ငှားရမ်းဝယ်ယူခြင်းအား သဘောတူညီကြောင်း လက်မှတ်ထိုးထားသည့် စာချုပ်ဖြစ်ပြီး မှာယူမှုပြုလုပ်သည့် စာမျက်နှာတွင် တွေ့မြင်နိုင်မည်ဖြစ်သည်။ စာချုပ်ပါအချက်အလက်များအား သေချာစွာဖတ်ရှု၍ လက်မှတ်ထိုးပါ။ လက်မှတ်မထိုးခင်တွင် စာချုပ်ပါအချက်အလက်များအား သေချာစွာဖတ်ရှုရန် လိုအပ်ပါသည်။

၁၆။ Better တွင် ‌ပစ္စည်းမှာယူမှုလျှောက်ထားရန် အာမခံသူလိုအပ်ပါသလား။

Better တွင် ‌လျှောက်ထားရန် အာမခံသူတစ်ယောက်လိုအပ်ပါသည်။ အာမခံသူသည် ပုံမှန်ဝင်ငွေရှိသောသူဖြစ်ရမည်။

၁၇။ အာမခံသူမှ မည်သည့်စာရွက်စာတမ်းများပေးရန် လိုအပ်ပါသလဲ။

• အမည် • မှတ်ပုံတင်အမှတ် • မှတ်ပုံတင်အရှေ့/အနောက် • ဖုန်းနံပါတ် • လက်ရှိနေရပ်လိပ်စာနှင့် • သဘောတူညီမှုစာချုပ်

၁၈။ မိမိလျှောက်ထားသော ငှားရမ်းဝယ်ယူမှုအခြေအနေအား မည်သို့သိရှိနိုင်မည်နည်း။

လျှောက်ထားသော ငှားရမ်းဝယ်ယူမှုအခြေအနေများကို စာရွက်စာတမ်းအစုံအလင်ဖြင့် သင်၏ငှားရမ်းဝယ်ယူခြင်းလျှောက်ထားသည့်အချိန်မှစ၍ အလုပ်လုပ်ချိန် (ရုံးချိန်) ၂နာရီအတွင်း အီးမေးလ်နှင့် SMS မှတစ်ဆင့် အသိပေးအကြောင်းကြားပေးသွားပါမည်။ Better ဝက်ဘ်ဆိုက်၏ ကျွန်ုပ်၏အကောင့်ရှိ မှာယူမှုများစာမျက်နှာတွင်ထဲတွင် မှာယူမှုအခြေအနေအသေးစိတ်အား စစ်ဆေးကြည့်ရှုနိုင်ပါသည်။

၁၉။ ကျွန်ုပ်မှာယူထားသော ပစ္စည်းအား မည်သို့ရရှိနိုင်ပါသလဲ။

မှာယူထားသော ပစ္စည်းအား မှာယူမှုပြုလုပ်စဥ်က ရွေးချယ်ခဲ့သော ပစ္စည်းထုတ်ယူမည့်ဆိုင်တွင် သွားရောက်ထုတ်ယူရမည်ဖြစ်သည်။ သင်၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူအား ယူဆောင်သွားရမည်ဖြစ်ပြီး သွားရောက်ထုတ်ယူနိုင်သည့်အချိန်မှ စတင်၍ ၃ရက်အတွင်း သွားရောက်ထုတ်ယူရမည်ဖြစ်သည်။ ၃ရက်အတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက Better မှ မှာယူမှုအား ဖျက်သိမ်းနိုင်သည်။

၂၀။ ကျွန်ုပ်၏ငှားရမ်းဝယ်ယူထားမှုအတွက် ကနဦးပမာဏငွေအား မည်ကဲ့သို့ပေးသွင်းနိုင်ပါသလဲ။

သင်၏ ငှားရမ်းဝယ်ယူမှုအတွက် ကနဦးပမာဏငွေအား WavePay Biller Account မှတစ်ဆင့်ပေးချေနိုင်ပါသည်။ WavePay တွင်ရှိသော "Better" Biller Account မှတစ်ဆင့်ငွေပေးချေမှုများကိုပုံနည်းလမ်းများကို ကျေးဇူးပြု၍ အောက်တွင်ပါအတိုင်းပြုလုပ်နိုင်သည်။ ကြည့်ရှုပါ။ (၁) WavePay မူလစာမျက်နှာ၏ "အခြားငွေပေးချေမှုများ"သို့ဝင်ရောက်၍ ဘေပေးချေမှုများဝန်ဆောင်မှုအတွက်ပေးချေရန်အောက်ရှိ "Better" Logo အားရွေးချယ်ပါ။ (၂) အမည်၊ မှတ်ပုံတင်အမှတ်, မှာယူမှု အော်ဒါ ID အမှတ်၊ ပမာဏတို့အား ဖြည့်စွက်၍ 'ဆက်သွားရန်'ကိုနှိပ်ပါ။ အော်ဒါ ID၊ မှတ်ပုံတင်နှင့် ငွေပေးချေရမည့် ပမာဏအား ဖြည့်စွက်ပြီး ဆက်လက်လုပ်ဆောင်မည်ကိုနှိပ်ပါ။ (၃) ထို့နောက် မိမိ WavePay အကောင့်၏ စကားဝှက်အား ဖြည့်သွင်း၍ ငွေလွှဲခြင်းလုပ်ငန်းစဥ်အား အတည်ပြုပါ။ (၄) ပေးချေမှုပြုလုပ်ပြီးကြောင်း Better ၏ ဖုန်းနံပါတ် 09949238837 သို့ ဆက်သွယ်ပါ။ သင်၏ ကနဦးငွေပေးချေမှုအတွက် ငွေလွှဲခြင်းလုပ်ငန်းစဥ်သည် အောင်မြင်ပြီဖြစ်ပြီး ကျွန်ုပ်တို့မှ ငွေလွှဲထားမှုအား စစ်ဆေးမည်ဖြစ်သည်။

၂၁။ ကျွန်ုပ်၏ငှားရမ်းဝယ်ယူထားမှုအတွက် လစဥ်ပြန်ဆပ်ငွေအား မည်ကဲ့သို့ပေးသွင်းနိုင်ပါသလဲ။

သင်၏ ငှားရမ်းဝယ်ယူမှုအတွက် လစဥ်ပြန်ဆပ်ငွေအား WavePay Biller Account မှတစ်ဆင့်ပေးချေနိုင်ပါသည်။ WavePay တွင်ရှိသော "Better" Biller Account မှတစ်ဆင့်ငွေပေးချေပုံနည်းလမ်းများကို ကျေးဇူးပြု၍ အောက်တွင် ကြည့်ရှုပါ။ မူလစာမျက်နှာ၏ "အခြား"သို့ဝင်ရောက်၍ ဘေပေးချေမှုများအောက်ရှိ "Better" Logo အားရွေးချယ်ပါ။ အမည်၊ အော်ဒါ ID၊ မှတ်ပုံတင်နှင့် ငွေပေးချေရမည့် ပမာဏအား ဖြည့်စွက်ပြီး ဆက်လက်လုပ်ဆောင်မည်ကိုနှိပ်ပါ။ သင်၏ လစဥ်ငွေပေးချေမှုအတွက် ငွေလွှဲခြင်းလုပ်ငန်းစဥ်သည် အောင်မြင်ပြီဖြစ်ပြီး ကျွန်ုပ်တို့မှ ငွေလွှဲထားမှုအား စစ်ဆေးမည်ဖြစ်သည်။

၂၂။ ကျွန်ုပ်သည် လစဥ်ပြန်ဆပ်ငွေပမာဏများ ပေးချေရန် နောက်ကျခဲ့ပါက မည်သို့ဖြစ်နိုင်ပါသလဲ။

သင်၏လစဥ်ပြန်ဆပ်ငွေပမာဏ ပေးချေမှုသည် နောက်ကျခဲ့ပါက သင်၏ငှားရမ်းဝယ်ယူမှု စတင်လျှောက်ထားစဥ်က ဖြည့်သွင်းခဲ့သော ဖုန်းနံပါတ်ဖြစ်သည့် အတည်ပြုထားသော WavePay အကောင့်မှ တိုက်ရိုက်ဖြတ်တောက်သွားမည်ဖြစ်သည်။

၂၃။ ငှားရမ်းဝယ်ယူမှုအတွက် ပြန်ဆပ်ရမည့်နေ့တွင် ကျွန်ုပ်၏ WavePay အကောင့်ထဲတွင် ပြန်ဆပ်ရန် ပမာဏ လုံလောက်မှုမရှိပါက မည်သို့ဖြစ်နိုင်ပါသလဲ။

သင်၏ WavePay အကောင့်တွင် ရနိုင်သောပမာဏကို ကျွန်ုပ်တို့မှ နုတ်ယူမည်ဖြစ်ပြီး ငှားရမ်းဝယ်ယူမှုပြန်ဆပ်ရမည့်နေ့တွင် ပြန်ဆပ်မှုမအောင်မြင်ပါက ပြန်ဆပ်မှုနောက်ကျသည့်အတွက် ဒဏ်ကြေးငွေများ ပေးဆောင်ရမည်ဖြစ်သည်။

၂၄။ ဒဏ်ကြေးငွေအား မည်ကဲ့သို့တွက်ချက်၍ ကောက်ခံပါသလဲ။

နောက်ကျကြေးအဖြစ် တစ်ရက်လျှင် ၂၀၀၀ ကျပ်ကျသင့်မည်ဖြစ်ပြီး နောက်ကျသောရက်အလိုက် တွက်ချက်သွားမည်ဖြစ်သည်။

၂၅။ ငှားရမ်းဝယ်ယူမှုအတွက် ကျန်ရှိသောပမာဏများကို စောစောကြိုတင်ပြန်ဆပ်လိုပါက မည်သို့ဖြစ်နိုင်ပါသလဲ။

သင်၏ငှားရမ်းဝယ်ယူမှုအတွက် ကျန်ရှိနေသော ပမာဏများအားလုံးကို စောစောကြိုတင်ပြန်ဆပ်နိုင်ပြီး ၎င်းအတွက် မည်သည့်အခကြေးငွေကိုမျှ ကျွန်ုပ်တို့ကောက်ခံမည်မဟုတ်ပါ။ စောစောကြိုတင်ပြန်ဆပ်ခြင်းအတွက် ငှားရမ်းခများ သို့မဟုတ် အခကြေးငွေများ လျော့ချပေးခြင်းမျိုးရှိမည်မဟုတ်ပါ။

၂၆။ ကျွန်ုပ်၏ WavePay အကောင့်ကို အသုံးပြုရန်အတွက် အခက်အခဲများဖြစ်ပေါ်နေပါသဖြင့် လစဥ်ပြန်ဆပ်ငွေ ပမာဏများ ပေးသွင်းရမည့်ရက်ကို ကျော်လွန်သွားပါသည်။ မည်သို့ဆက်ဖြစ်နိုင်ပါသလဲ။

သင်၏ WavePay အကောင့်မှ ရရှိနိုင်သော ပမာဏကို ကျွန်ုပ်တို့ နုတ်ယူပါမည်။ သင်သည် သက်ညှာကာလ အနေဖြင့် ၅ ရက်ရရှိမည်ဖြစ်ပြီး ဤ ၅ ရက်အတွင်း လစဉ်ပြန်ဆပ်ရမည့်ပမာဏကို ပေးချေရမည်ဖြစ်သည်။ ထပ်မံနောက်ကျပါက နောက်ကျကြေးအဖြစ် တစ်ရက်လျှင် ၂၀၀၀ ကျပ် ကောက်ခံမည်ဖြစ်သည်။ အခြားငွေပေးချေမှုနည်းလမ်းများနှင့်ပေးချေလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။

၂၇။ ကျွန်ုပ်သည် "Better" ငှားရမ်းဝယ်ယူမှုအစီအစဥ်တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံလျှောက်ထားနိုင်ပါသလား။

ပထမအကြိမ်အတွက် ပေးရန်ရှိနေသော ပမာဏအားလုံးအား ပေးချေပြီးနောက် သင့်အနေဖြင့် "Better" ငှားရမ်းဝယ်ယူမှု အစီအစဥ်အား ဒုတိယအကြိမ်လျှောက်ထားနိုင်ပါသည်။ ပထမမှာယူမှုအတွက် ပေးရန်ကျန်ရှိနေသော ပမာဏများကျန်ရှိနေစဥ်တွင် မှာယူမှုအသစ်ထပ်မံ ပြုလုပ်ပါက ကျွန်ုပ်တို့သည် ဒုတိယမှာယူမှုအား ရယူနိုင်ခြင်း ရှိ/မရှိကို စစ်ဆေးပေးမည်ဖြစ်သည်။ မည်သို့အခြေအနေတွင်မဆို ဒုတိယမှာယူမှုအား ပထမမှာယူမှုအတွက် လစဥ်ပြန်ဆပ်ခြင်းများ ပြုလုပ်နေစဥ်ကာလအတွင်း ရရှိနိုင်ခြင်း ရှိ/မရှိသည် Better ၏ ဆုံးဖြတ်ချက်သာဖြစ်သည်။

၂၈။ မေးမြန်းစုံစမ်းလိုသည်များရှိပါက မည်သို့ဆက်သွယ်နိုင်ပါသလဲ။

"Better" ငှားရမ်းဝယ်ယူမှုနှင့်ပတ်သက်၍ မေးမြန်းလိုသည်များရှိပါက - Better Hotline : 09949238837 or 09949BETTER နှင့် အီးမေးလ် hello@better.com.mm သို့ နေ့စဉ် မနက် ၈း၃၀ မှ ညနေ ၄း၃၀ အတွင်း ဆက်သွယ်နိုင်ပါသည်။