Better အကြောင်း
ပိုမိုကောင်းမွန်သော နေ့ရက်များဆီသို့
Better ၏ အဓိကရည်မှန်းချက်မှာ မြန်မာနိုင်ငံရှိ လူတစ်ဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းများ၏ နေ့စဉ်ဘဝ ပိုမိုအဆင်ပြေ လွယ်ကူလာစေရန် ဆန်းသစ်ပြီး ပွင့်လင်းမြင်သာမှုရှိသော ဘဏ္ဍာရေးဝန်ဆောင်မှုများဖြင့် ပံ့ပိုးကူညီပေးရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများကို မှန်ကန်သောနည်းလမ်းများ၊ လုပ်ငန်းကျင့်ဝတ်များနှင့် တာဝန်ယူမှုရှိစွာ ဆောင်ရွက်ပြီး သုံးစွဲသူများ၏ လိုအပ်ချက်ကို အလေးထား ဖြည့်ဆည်းပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့သည် နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြုကာ လူတိုင်းလက်လှမ်းမီပြီး လုံခြုံစိတ်ချရသော ဘဏ္ဍာရေးပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးခြင်းဖြင့် အသုံးပြုသူများ၏ အနာဂတ်အိပ်မက်များကို အတူတကွ အကောင်အထည်ဖော်ပေးနိုင်ရန် ရည်ရွယ်ပါသည်။
Better သည် အသုံးပြုသူတိုင်းအနေဖြင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို အလွယ်တကူ လက်လှမ်းမီ ရယူနိုင်စေခြင်းဖြင့် ပိုမိုကောင်းမွန်သော လူနေမှုဘဝဆီသို့ အတူတကွ လျှောက်လှမ်းနိုင်ရန် ဖန်တီးပေးသွားမည် ဖြစ်ပါသည်။
Better သည် လက်ရှိတွင် ငှားရမ်းဝယ်ယူခြင်း ဝန်ဆောင်မှုကို ပေးအပ်နေသော ဘဏ္ဍာရေးဝန်ဆောင်မှုပေးသူ ဖြစ်ပါသည်။ သင်၏ WavePay အတည်ပြုထားသော ဖုန်းနံပါတ်ဖြင့် အချက်အလက်စုံလင်စွာဖြင့် စာရင်းသွင်းအကောင့်ဖွင့်ပြီး ဝန်ဆောင်မှုများကို အပြည့်အဝ အသုံးပြုနိုင်ပြီး ဝန်ဆောင်မှုများကို လျှောက်ထားခြင်းနှင့် ပြန်လည်ပေးချေခြင်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။
Better ဖြင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူပြီး သတ်မှတ်ကာလအတွင်း လစဉ်ပြန်လည် ပေးချေနိုင်ပါသည်။
Better ၏ အဓိက အကျိုးကျေးဇူးများ
- လျင်မြန်သော လျှောက်ထားမှုစနစ် – အချိန်ကုန်သက်သာစေပြီး ရှုပ်ထွေးမှုမရှိဘဲ လျင်မြန်ချောမွေ့စွာ လျှောက်ထားနိုင်ပါသည်။
- လွယ်ကူစွာ အသုံးပြုနိုင်ခြင်း – မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို မိမိတို့စိတ်ကြိုက် အဆင်ပြေချောမွေ့စွာ ဝင်ရောက်အသုံးပြုနိုင်ပါသည်။
- သင့်တင့်မျှတသော နှုန်းထားများ – စျေးကွက်စံနှုန်းများနှင့် ကိုက်ညီသည့် ဝန်ဆောင်ခနှုန်းထားများအတိုင်း ဆောင်ရွက်ထားပါသည်။
- လိုက်လျောညီထွေမှုရှိသော ပြန်လည်ပေးချေမှု – လူကြီးမင်းတို့၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု လိုအပ်ချက်များနှင့် ကိုက်ညီမည့် ပြန်လည်ပေးချေမှု ကာလများကို ရွေးချယ်နိုင်ပါသည်။
- ပွင့်လင်းမြင်သာမှုနှင့် လုံခြုံစိတ်ချရမှု – တိကျခိုင်မာသော မူဝါဒများ၊ လုံခြုံစိတ်ချရသော ငွေပေးချေမှုစနစ်များနှင့်အတူ ယုံကြည်စိတ်ချရသည့် လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးပါသည်။
- သီးသန့် အထူးခံစားခွင့်များ – Better အသုံးပြုသူများအတွက်သာ သီးသန့်ရည်ရွယ်ထားသော အထူးအစီအစဉ်များနှင့် ပရိုမိုးရှင်းများကို ရယူနိုင်ပါသည်။
အခုပဲ စတင်လိုက်ပါ
ရွေးချယ်ဝယ်ယူပါ